ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံအတွက် Laser Vision ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် LASIK နည်းပညာများ
ထိုင်းနိုင်ငံရဲ့ မျက်စိလေဆာကုသမှုပိုင်းဆိုင်ရာ Specialized Centre အဖြစ် နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ အောင်မြင်စွာ ဦးဆောင်ခဲ့ပြီးဖြစ်တဲ့ Laser Vision ဟာ အခုဆိုရင် နောက်ဆုံးပေါ် AI နှင့် Robotic နည်းပညာများကို အသုံးပြုပြီး မျက်လုံးကျန်းမာရေးဆိုင်ရာ စမ်းသပ်စစ်ဆေးမှုနှင့် ခွဲစိတ်ကုသခြင်းများအတွက် တစ်နေရာတည်းမှာပြုလုပ်နိုင်မယ့် Bangkok Eye Hospital အဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။
Laser Vision မှာ မျက်စိလေဆာကုသမှုခံယူမယ်ဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့်စစ်ဆေးမှု ပြုလုပ်ပေးပါတယ်။
1. Comprehensive Eye Examination:
မျက်လုံး၊ မျက်ကြည်လွှာအနေအထားဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ ဒါကြောင့် တစ်ဦးချင်းစီရဲ့ မျက်လုံးကျန်းမာရေး၊ မျက်ကြည်လွှာအနေအထား၊ ကုသမှုခံယူဖို့လိုအပ်မယ့် အမြင်အာရုံပြဿနာ အစရှိတဲ့ အချက်အလက်တွေကို AI နှင့် နောက်ဆုံးပေါ်စက်ကိရိယာများကို အသုံးပြုစစ်ဆေးမှာ ဖြစ်ပါတယ်။
ဒီလိုစစ်ဆေးရာမှာ မျက်လုံးကျန်းမာရေးအနေအထားကို ဝါရင့် Corneal & Refractive Specialist တွေကိုယ်တိုင် ကြည့်ရှုစစ်ဆေးပြီး ဘေးကင်းစိတ်ချရတဲ့ မျက်လုံး၊ မျက်ကြည်လွှာအနေအထားရှိမှသာ မျက်စိလေဆာပစ်ရန် ခွင့်ပြုပေးမှာဖြစ်ပါတယ်။
ဒီနေရာမှာ မျက်စိလေဆာပစ်ရန် မသင့်ပါက မျက်လုံးကျန်းမာရေးနဲ့ကိုက်ညီတဲ့ အခြားသော ကုသမှုနည်းလမ်းများ၊ မျက်စိစစ်ဆေးရာမှ ရှာဖွေတွေ့ရှိသော မျက်လုံးကျန်းမာရေးအခြေအနေများရှိပါက တစ်နေရာတည်းမှာတင် အခြားသောမျက်စိရောဂါအထူးကုဆရာဝန်ကြီးတွေထံမှာ ကုသမှုခံယူနိုင်မှာလည်းဖြစ်ပါတယ်။
2. မျက်စိလေဆာပစ်ပြီး ပါဝါဖျောက်လို့ရတယ်ဆိုရင် ဘယ်နည်းလမ်းနဲ့လုပ်ရမလဲ?
မျက်စိလေဆာပစ်ခြင်းရလဒ်သည် မိမိရဲ့ မျက်လုံးကျန်းမာရေးကုသမှုလိုအပ်ချက်၊ အသုံးပြုမယ့် နည်းလမ်း၊ နည်းပညာအပေါ်မူတည်ပါတယ်။ ဒါကြောင့် Laser Vision မှာ ယနေ့ခေတ်ရဲ့ မျက်စိလေဆာကုသမှုနည်းပညာပိုင်းမှာ အဆင့်အမြင့်ဆုံးနည်းပညာတွေဖြစ်တဲ့ NanoRelex နဲ့ NanoLASIK (၂) မျိုးရှိမှာဖြစ်ပါတယ်။ နည်းလမ်း (၂) ခုလုံးဟာ ဓားသွားလုံးဝမလိုတဲ့ Bladeless Technique တွေဖြစ်ပြီး မျက်ကြည်လွှာအနေအထားနှင့် မျက်လုံးကျန်းမာရေးလိုအပ်ချက်အလိုက် အားသာချက်ပိုများတဲ့ နောက်ဆုံးပေါ်နည်းပညာကို ရွေးချယ်နိုင်ပါတယ်။
✅NanoRelex: မျက်ကြည်လွှာလှန်စရာမလိုတဲ့ SMILE နည်းလမ်းလို့ လူသိများတဲ့ ReLExSMILE နဲ့ အခြေခံလုပ်ပုံလုပ်နည်း၊ သဘောတရားတူညီပြီး အသုံးပြုတဲ့နည်းပညာကွာခြားတာကြောင့် ရလဒ်ပိုင်းမှာ ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားမှုကို ခံစားရမှာဖြစ်ပါတယ်။
✅NanoLASIK: မျက်မှန်ပါဝါများတဲ့သူတွေ၊ မျက်ကြည်လွှာပါးတဲ့သူတွေအတွက် မျက်မှန်ပါဝါကို အပြည့်အဝကုသပေးနိုင်ခြေမြင့်ပြီး မျက်ကြည်လွှာကို ကုသရာမှာ အပေါ်ယံလွှာကို C ပုံစံဖွင့်ပြီး အတွင်းကို လေဆာပစ်ကုသတဲ့နည်းလမ်းဖြစ်ပါတယ်။
3. Nano နည်းပညာမှာ ဘယ်လိုအဆင့်မြင့်နည်းပညာတွေ ပါဝင်လဲ?
Laser Vision ရဲ့ Signature ဖြစ်တဲ့ NanoRelex နှင့် NanoLASIK (၂) မျိုးလုံးဟာ Switzerland နိုင်ငံ Ziemer FemtoLDV Platform ကို အသုံးပြုပါတယ်။ အားသာချက်များကတော့
👁️🗨️လက်ရှိ Femtosecond လေဆာတွေထဲမှာ ပြင်းအားအနည်းဆုံး Lowest Energy Concept ကို အသုံးပြုထားတဲ့ Nanojoules-powered Femtosecond Laser
👁️🗨️အမြင်အာရုံရလဒ်ကို ပိုမိုကြည်လင်ပြတ်သားစေပြီး ကုသမှုလုပ်ဆောင်ရာမှာ ပိုမိုဘေးကင်းတိကျစေမယ့် နောက်ဆုံးပေါ် AI နည်းပညာအထောက်အကူ
👁️🗨️မျက်စိလေဆာကုသမှုလုပ်ဆောင်နေချိန်မှာ Personalized Treatment ပြုလုပ်ပေးနိုင်ဖို့အတွက် အရေးပါတဲ့ဒေတာတွေကို တိုက်ရိုက်ကြည့်ရှုတွက်ချက်နိုင်အောင် အထောက်အကူပေးနိုင်မယ့် Real-Time OCT Scan ကြောင့် Post-Operative Halos, Glares ဖြစ်နိုင်ချေကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီနည်းပညာတွေကို ပေါင်းစပ်ကုသမှုပေးတာကြောင့် လူနာအများစုစိတ်ပူလေ့ရှိကြတဲ့ Long-Term Dry Eyes, Halos, Glares ဖြစ်နိုင်ချေ မရှိသလောက်အနေအထားအထိ တိကျမှုအမြင့်ဆုံးကုသမှုကို ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး လေဆာပစ်တဲ့အခါမှာ ညင်သာစေလို့ အနာကျက်နှုန်းနဲ့ Vision Recovery ကိုပါ မြန်ဆန်စေပါတယ်။ Laser Vision ရဲ့ AI နည်းပညာဟာဆိုရင်လည်း ကုသရာမှာ တိကျမြန်ဆန်စေပြီး ရရှိလာမယ့် အမြင်အာရုံရလဒ်ကိုလည်း ပိုမိုကြည်လင်ပြတ်သားစေဖို့ အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။
4. Bangkok Eye Hospital ကို ဘာကြောင့်ရွေးချယ်သင့်လဲ?
ℹ️ထိုင်းနိုင်ငံရဲ့ ကုသမှုသက်တမ်း ၂၆ နှစ်အထက်ရှိပြီးဖြစ်တဲ့ ဝါရင့် Corneal & Refractive Surgery Specialist ကြီးများကိုယ်တိုင် ဦးဆောင်ဖွင့်လှစ်ထားပြီး LASIK ကုသမှုသာမက အခြားမျက်လုံးကျန်းမာရေးကုသမှုများအတွက် Cataract, Glaucoma, Retina, Oculoplastic နှင့် Neuro-Ophthalmology Centre များလည်းရှိတာကြောင့် မျက်စိဆိုင်ရာကုသမှုအားလုံးကို တစ်နေရာတည်းမှာ ကုသမှုခံယူနိုင်ခြင်း
ℹ️ကုသရန်ခက်ခဲသော Case များစွာပါဝင်တဲ့ မျက်စိလေဆာကုသမှုပေါင်း ၉ သောင်းကျော်ကို အောင်မြင်စွာပြုလုပ်ခဲ့ပြီးဖြစ်လို့ LASIK ကုသမှုအတွက် ယုံကြည်စိတ်ချနိုင်ခြင်း
ℹ️Smart Hospital Concept နှင့်အညီ နောက်ဆုံးပေါ် AI နှင့် Robotic နည်းပညာများကို အသုံးပြုထားတာကြောင့် ကုသမှုအတွက် စမ်းသပ်စစ်ဆေးရာမှာ ပိုမိုတိကျမြန်ဆန်ပြီး ပိုမိုထိရောက်တဲ့ ကုသမှုရလဒ်များကို ယူဆောင်ပေးနိုင်ခြင်း
ℹ️မြန်မာနိုင်ငံမှလာရောက်ကုသမှုခံယူလိုသူများအတွက် မြန်မာလူမျိုး Consultant များကိုယ်တိုင် သိလိုသမျှကို ဆွေးနွေးတိုင်ပင်ပေးပြီး ကုသမှုတစ်လျှောက်လုံးမှာပါ Personal Consultant အဖြစ် (အခမဲ့) ဆောင်ရွက်ပေးတာကြောင့် ဘာသာစကားအခက်အခဲမရှိဘဲ နွေးထွေးစွာကုသမှုခံယူနိုင်ခြင်း
ℹ️လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ မြန်မာနိုင်ငံမှ လာရောက်ပြီး Nano နည်းပညာဖြင့် မျက်စိလေဆာကုသမှုခံယူခဲ့သူ စုစုပေါင်း ၄၀၀ အထက်ရှိပြီးဖြစ်တဲ့အပြင် ယခုမျက်စိဆေးရုံအသစ်မှာလည်း အထွေထွေမျက်စိရောဂါစမ်းသပ်ကုသမှု ခံယူပြီးသူများစွာရှိခြင်း
"နေ့စဥ်ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ အမြင်အာရုံအတွက် အကောင်းဆုံးရလဒ်ကိုမှ ရယူလိုတယ်ဆိုရင် အခုပဲရက်ချိန်းရယူနိုင်ပါပြီ"
ဆက်သွယ်ရန်
📲Viber, Whatsapp (In-House Myanmar Consultant): +66965426179
🗨️မက်ဆေ့ပေးပို့ရန်: https://bit.ly/laservisionmyanmarofficialpage